Pages

Dec 20, 2012

မနာလိုဖြစ်ခြင်း ရှောင်ရှားနိုင်အောင်


ဣဿာ (မနာလိုခြင်း)

လူတွေမှာ တွေ့ရတတ်တဲ့ စိတ်ကလေးတစ်မျိုးအကြောင်း ရေးချင်မိတယ်။ သာမန်အချိန်မှာ ဖြစ်ပေါ်လေ့ မရှိပေမယ့်

တစ်စုံတစ်ယောက် အောင်မြင်တာ မြင်ရ၊ ကြားရတဲ့ အချိန်မှာ ပေါ်တတ်တဲ့ စိတ်ကလေး တစ်မျိုးပါ။

အဲဒီ တစ်စုံတစ်ယောက်ဟာ ကိုယ့်ပြိုင်ဘက်ဆိုရင် ပိုလို့တောင် မနာလို ဖြစ်နေတတ်ပါတယ်။

ပြိုင်ဘက်လည်းမဟုတ်၊ ကိုယ်နဲ့လည်း မပတ်သက်လည်း မနာလိုတာတွေ ရှိတတ်တာပါပဲ။

"မနာလိုစိတ်" ဆိုတာက ပါဠိလိုဆိုရင်တော့ "ဣဿာ" ပါ။ ငြူစူတတ်တဲ့သဘော၊ မနာလိုတတ်တဲ့သဘောကို

ဣဿာလို့ ဆိုကြတာ ဗုဒ္ဓစာပေတွေမှာ တွေ့နိုင်ပါတယ်။ ထို့ကြောင့် "ဣဿာလျှံမူ၊ လွန်ငြူစူ၏" လို့ ဆိုကြပါတယ်။

သူတစ်ပါး လှကြောင်း၊ ဥစ္စာပေါကြောင်း၊ ပညာတတ်ကြောင်း၊ အကျင့်ကောင်းကြောင်း စသော ဂုဏ်သတင်းများ၊

တစ်ယောက်ယောက် စာမေးပွဲကို ဂုဏ်ထူးနဲ့ အောင်တာတဲ့၊ အလုပ်ရသွားပြီတဲ့၊ နိုင်ငံခြား ထွက်မှာတဲ့၊

တစ်ဦးဦး စာပေဆုရလို့၊ သူ့ကုန်ပစ္စည်းက ပေါက်သွားတာ၊ သူ့ကားက ဘယ်လို ... စသည်ဖြင့်

ပြောပြလာရင် မနာလိုခြင်း (နားမထောင်လိုခြင်း) တွေ၊ စိတ်လက် မကြည်သာတော့တာတွေ ဖြစ်လာပါတယ်။

သာမန်အားဖြင့်တော့ "လင်းတလောက်တော့ ငှက်တိုင်းလှပါတယ်" . တို့၊ "သည်လိုယုန်တော့ ချုံတိုင်းရှိရဲ့" .တို့

စသည်ဖြင့် နှုတ်ခမ်းစူကာ၊ ပါးစပ်ရွဲ့ကာ၊ မျက်စောင်းထိုးကာ (လက်သီးလက်မောင်းတန်းကာ) နှင့်

ပြောဆိုကဲ့ရဲ့တတ်ခြင်းသည် ဣဿာ၏ သဘောချည်းသာတည်း။

ဒီထက်ပိုလာတဲ့အခါ နားမထောင်လိုရုံသာမကတော့ဘဲ မနာလိုစိတ် လွန်ကဲလာပြီး ဒီလူကို ဘယ်လို

ပြန် အပုပ်ချရမလဲ ကြံစည်တော့တာပါ ... ဘယ်လို သိက္ခာချရမလဲ စဉ်းစား အားထုတ်တော့တာဟာ

မနာလိုစိတ်ရဲ့ တွန်းအားပေးမှုကြောင့် လုပ်ဆောင်မိတဲ့ ဒုစရိုက်အမှုတွေပါ။

အလုပ်တူမှ ပိုဖြစ်တတ်တယ်

"ကိုယ့်ထက်သာ မနာလို၊ အကြံတူ ရန်သူ၊ အလုပ်တူ ငြူစူ" လို့ ဆိုရိုးစကား ရှိတဲ့အတိုင်း

ဒီဣဿာ (မနာလိုခြင်း) ဟာ အလုပ်တူပြီး ကိုယ့်ထက်သာနေသူရဲ့အပေါ်မှာ ဖြစ်တတ်တာပါ။

ငါးပိသည်က ရွှေသည်ရဲ့ အပေါ်မှာ ဣဿာဖြစ်ဖို့ ခဲယဉ်းပေမယ်လို့ ရွှေသည်အချင်းချင်း၊ ငါးပိသည်အချင်းချင်း၊

NING  ဆိုဒ်အချင်းချင်း၊ Blogger အချင်းချင်း၊ ရဟန်းသံဃာအချင်းချင်း၊ ဓမ္မကထိကအချင်းချင်း၊

စာချဘုန်းကြီးအချင်းချင်း၊ ဆရာတော်အချင်းချင်း အတင်းပြောကာ ဣဿာဖြစ်တတ်ကြပါတယ်။


အကြောင်းပြချက်ရှာကာ

မနာလိုဖြစ်လာပြီဆိုတဲ့အခါ ကိုယ်မနာလိုတဲ့သူကို ဘယ်သူကများ အပုပ်ချပါ့မလဲ၊ သိက္ခာချပါ့မလဲလို့လဲ

မျော်မိတတ်သေးတယ် ... အပုပ်ချချင်အောင် သိက္ခာချချင်အောင် မြှောက်ထိုးပင့်ကော်လည်း လုပ်ပေးမိတယ်။

ဘယ်သူကမှလည်း အပုပ်ချမပေး၊ သိက္ခာချမပေးရင်တော့ ကိုယ်ကိုတိုင် ဒီအလုပ်ကို လုပ်ရတော့မှာမို့လို့

အကြောင်းပြချက် ခိုင်ခိုင်မာမာ ရှာပြီးတော့ သူတစ်ဖက်သား သိက္ခာကျအောင် လုပ်ရတော့တာပါပဲ။

ဣဿာ (မနာလိုစိတ်) ရဲ့ ဆိုးသွမ်းပုံကို တင်ပြနေတာ ဖြစ်ပါတယ်။

ဥပမာအနေနဲ့ အနည်းငယ် ပြောကြည့်မယ်ဆိုရင် .......

နိုင်ငံရေးသမားတွေဆိုရင် ဒီလူတွေ အုပ်ချုပ်စီမံနေလို့ ဒီလို ဆိုးကျိုးတွေ ခံစားနေကြရတာပါလို့

ပေါ်လွင်ထင်ရှားအောင်ပြပြီး အပုပ်ချရတာမဟုတ်လား ...

ဆေးဝါးထုတ်လုပ်တဲ့ စီးပွားရေးသမားတွေမှာ ဘယ်လိုဘေးထွက်ဆိုးကျိုးတွေ ပါဝင်တယ် ...စသည်ဖြင့်

သိသာမြင်သာအောင်ပြပြီး သူများပစ္စည်း မသုံးချင်အောင် ချပြရတော့တာတွေ ...

စာရေးတဲ့သူ အချင်းချင်းမှာ သူ့စာတွေဟာ လူငယ်တွေအပေါ် ဘယ်လိုအဆိပ်အတောက်သင့်စေတယ်၊

ဘယ်လိုအတွေးအခေါ်မှားတွေ ရရှိစေတယ် စတဲ့ အကြောင်းရှာပြီး ကျဆုံးအောင် လုပ်ကြတာ ...

မြဂူကို မနာလိုသော ၀က်များ

ဟိမ၀န္တာတောင် မြဂူအတွင်းမှာ ခြင်္သေတစ်စီး အောင်းနေတယ်။ အဲဒီ မြဂူရဲ့ အနီးအနားမှာ

ဝက်များနေကြတယ်။ အဲဒီ ၀က်တွေဟာ မြဂူအတွင်းက ခြင်္သေ့ကို မြင်နေရတော့ အမြဲကြောက်ရွံ့ကာ

မြဂူရဲ့ အရောင်ကိုပင် အပြစ်မြင်နေကြတော့တယ်။  မနာလို ဖြစ်နေကြတယ် ဆိုကြပါစို့။

အခါတစ်ပါးမှာတော့ အဲဒီဝက်တွေအချင်းချင်း တိုင်ပင်ကြပြီးတော့ ရွှံ့ညွန်ထဲမှာ လူးပြီးတော့

ထိုညွန်ဖြင့် မြဂူကို အရောင်မှိန်သွားအောင် ပွတ်တိုက်ကြသတဲ့။ အဲဒီလို ပွတ်တိုက်ခံရတဲ့ မြဂူဟာ

အရောင်မမှိန်တဲ့အပြင်  ပို၍သာ တိုးလို့ အရောင်ပြောင်လာပါတယ်။

..................................................................

မိမိထက်သာသူကို မနာလိုလို့ အပြစ်ပြောရင် မိမိမှာသာ အနေခက်ရတတ်ပါတယ် ...

အထက်တန်းရောက်ပြီးသူမှာကတော့ တိုးလို့သာ ပြောင်ဖွယ်ရှိတယ်လို့ မှတ်သားရပါတယ်

မိမိကိုယ်ကို ချီးမြှောက်ခြင်း၊ သူတစ်ပါးကို ရှုတ်ချခြင်း

စကားပြောသောအခါဖြစ်စေ၊ စာရေးသားသောအခါဖြစ်စေ မိမိကိုယ်ကို မြှောက်၍မြှောက်၍ (ဂုဏ်ဖော်၍)

ပြောဆိုတတ်ခြင်း၊ ရေးသားတတ်ခြင်းကို အတ္တုက္ကံသန (အတ္တ=ကိုယ့်ကိုကို၊ ဥက္ကံသန=ချီးမြှောက်ခြင်း)

ဟုခေါ်တယ်။ အဲးးး သူတစ်ပါးကို ရှုတ်ချပြီး အပြစ်တင် ပြောဆို၊ ရေးသားတာကိုတော့

ပရ၀မ ၻန (ပရ=သူတစ္ပါးကို၊ ၀မ ၻန=ရှုတ်ချခြင်း) ဟု ခေါ်တယ်။

အတ္တုက္ကံသန အမှုမှာ မိမိဂုဏ်ကို သာယာသော" လောဘ" နှင့် အထင်ကြီးသော "မာန" ဖြစ်တယ်။

ပရ၀မ္ဘန အမှု မှာတော့ ယခုဆောင်းပါးမှာ ရေးနေတဲ့ "ဣဿာ" နှင့် မလိုမုန်းထားသော" ဒေါသ" ဖြစ်တယ်။


ဂုဏ်ဖော်ပုံ

စကားပြောဆိုရာ၊ စာရေးရာတို့မှာ မိမိတတ်သိနားလည်ကြောင်း၊ မိမိဥစ္စာပေါများကြောင်း၊

အမျိုးအဆွေကြီးကြောင်း၊ ဘွဲ့ထူးဂုဏ်ထူးရှိကြောင်း ... စသည်ဖြင့် ဂုဏ်ဖော်ရေးသားကြပါတယ်။

ဒီလို ဂုဏ်ဖော်ကြရာမှာ အဆင်အခြင် နည်းပါးသူတို့အပေါ်မှာ အထိုက်အလျောက် အကျိုးရှိမှာ

ဖြစ်ပေမယ့် စဉ်းစာတတ်သူတွေကတော့ "ဒီလူဟာ အူကြောင်ကြောင်ပဲ" လို့ သိကြမှာပါပဲ။

အထင်လည်း သေးသွားမှာ သေချာပါတယ်။ ဒါကြောင့် စကားပြောရာ၊ စာရေးသားရာမှာ ဂုဏ်ဖော်ခြင်းဆိုတဲ့

အတ္တုက္ကံသန အမှုကို သတိပြု ရှောင်ကျဉ်သင့်ပါတယ်။


ရှုတ်ချမှု

သူတစ်ပါးကို ရှုတ်ချတတ်တဲ့ ပရ၀မ္ဘန အမှုလည်း သတိမထားတဲ့သူရဲ့ စကားအပြောအဆိုတွေ၊

စာအရေးအသားတွေမှာ တွေ့ရတတ်ပါတယ်။

ကြားရသူတိုင်းက အထင်အမြင်သေးအောင်၊ နိမ့်ကျသွားအောင် သူတစ်ပါးကို ရှုတ်ချတယ်ဆိုတာလည်း

ဆိုးဆိုးဝါးဝါး ယုတ်မာလွန်းလှပါတယ် ... အောက်တန်းကျလွန်းလှပါတယ်။

(တစ်ဖက်က ရိုးရိုးသားသားမှားနေတာဆိုရင် ကိုယ်က အပြစ်ပိုကြီးသွားနိုင်ပါတယ်)

ဒါပေမယ့် တကယ်ယုတ်မာသူကို အများကဖြစ်စေ၊ မိမိနှင့် ရင်းနှီးသူတို့ကဖြစ်စေ မှားယွင်းအထင်ကြီးနေတာ

ဆိုရင်တော့လည်း ( မိမိနှင့်စပ်သူတို့) အထင်မမှားရအောင် အခါအခွင့်အလိုက်တော့လည်း

ရှုတ်ချထိုက်ပါတယ်လို့လည်း တွေ့ရပါသဗျ ...

ဒါပေမယ့် ... အဲလို အများက အထင်ကြီးနေတာကို အပြစ်ပြောပြီး ရှုတ်ချရမှာဆိုတော့

သက်သေခံ(အကြောင်းပြချက်) ခိုင်လုံဖို့တော့ လိုပါတယ်။ မဟုတ်ရင် ကိုယ့်လူတွေကပင် ကိုယ့်ကို

ပြန် အထင်မှား၊ အထင်သေးအမြင်သေး ဖြစ်တတ်ပါသေးတယ်။ သတိထား ရှုတ်ချမှ သင့်ပေမယ်။

ဒီနေရာမှာ ဆရာတော်ကြီး အရှင်ဇနကာဘိဝံသ ဟောပြဖူးတဲ့ပုံပြင်လေး သတိရပါတယ်။

တစ်ခါကကျောင်းဒကာနှင့် ကျောင်းအမတို့ဟာ မိမိဘုန်းကြီးကို ရဟန္တာလောက် ကြည်ညိုသတဲ့။

တစ်ခါတော့ မိမိဘုန်းကြီးကို မမြင်လို့ ဘုန်းကြီးနေမကောင်းဘူးထင်ပြီး လိုက်ရှာတဲ့ ဒကာဟာ

မီးတင်းကုပ်က မီးခိုးထွက်နေတာမြင်လို့ ချောင်းကြည့်လိုက်တာ ဘုန်းကြီးကိုယ်တိုင်

ကြက်ဥကြော်နေတာ တွေ့ရသတဲ့။ မြင်ရတော့ ကြက်သီးထပြီး စိတ်မချမ်းမသာနှင့်

ကျောင်းအမကို ပြန်ပြောပြတာ ကျောင်းအမက ငါ့ကျောင်းဒကာ စိတ်ဖောက်ပြန်လာပါပေါ့ဆိုပြီး

အရပ်ကို အော်ဟစ်အကူအညီတောင်းလို့ အသာ ကောင်းကောင်းပြန်နေရသတဲ့။

နောက်တစ်ခါ အေးအေးလူလူမှာ ပြောမယ်လုပ်ပြန်တော့ ကျောင်းအမက ကျောင်းဒကာ

စိတ်ဖောက်တယ်ထင်ပြီး အော်မယ်လုပ်ပြန်လို့ ကျောင်းအမကိုတောင်းပန်ကာ နောက်နောင်အခါ

ဘုန်းကြီး ကြက်ဥကြော်စားသော အမှုမှန်ကို ဘယ်သူ့မှ မပြောဝံ့တော့ဘူးတဲ့။

.................................................................

ဤသို့လျှင် အချို့အပြစ်များကို ပြောပြရာ၌ ပြောသူသာ အရူးအထင်ခံရတတ်ကြ၍

အခါအခွင့်ကိုကြည့်ကာ ပြောသင့်မှ ပြောကြရပေလိမ့်မည်....

...............................................................

သို့သော် မိမိအိမ်သား၊ မိမိ မိသားစုဝင်တို့ကိုကား

  (ယုံချင်ယုံ၊ မယုံချင်နေ) ယုတ်မာသူကို အထင်ကြီးနေရိုးမှန်ပါလျှင် ကြိုတင်၍

သတိပေးထားခြင်းသာ အမြော်အမြင်ကြီးရာ ရောက်သဖြင့်

ထို ယုတ်မာသူ၏ အပြစ်ကို ပြောထားသင့်ပေသည်။

                                                                              ဇော်ထွန်း


ပြတိုက်ဘလော့ပိုစ့်မှကူးယူတင်ပြသည်။
http://onlinepyadaik.com
--
zm.gif --
--


---------- Forwarded message ----------
From: ♫ဆုန်ရေသွန်း♪ ♪
Date: 2012/12/20
Subject: [Real Family: 24865] မနာလိုဖြစ်ခြင်း ရှောင်ရှားနိုင်အောင်
To: real-family-mm@googlegroups.com

 ♥ "Real Family Myanmar" group မှ ကြိုဆိုပါတယ် ♥
● Group ၏ မူလ လိပ်စာမှာ http://groups.google.com/group/real-family-mm?hl=en ဖြစ်ပါတယ်။ ဖေ့ဘုတ်လိပ်စာမှာ http://www.facebook.com/group.php?gid=148830205143871 ဖြစ်ပါတယ်။
● အသင်းဝင်လိုသူများအနေနှင့် မိမိ၏ အီးမေးမှ real-family-mm+subscribe@googlegroups.com သို့ လိပ်မူ၍ စာတစ်စောင်သာ ပို့ပေးပါ။ အလိုအလျောက် အသင်းဝင်ပြီးသား ဖြစ်ပါမည်။
● အသင်းဝင် မန်ဘာများမှ Post ကိုမေးကနေ တင်ချင်ရင် real-family-mm@googlegroups.com ကို မေးပို့လိုက်ပါ။ ဇော်ဂျီဖောင့်ဖြင့် ရေးတင်နိုင်ပါသည်။ အင်္ဂလိပ်လိုလည်း ရေးတင်နိုင်ပါတယ်။ ဘားဂလစ်ရှ် မသုံးရပါ။
● အကြောင်းအရာတူပါက ခေါင်းစဉ်များ မဖောင်းပွစေရန် လက်ရှိခေါင်းစဉ်အောက်မှာသာ ဆက်ရေး၍ Reply ပြန်ပေးပါ။
● အကြောင်းအမျိုးမျိုးကြောင့် အသင်းမှ နှုတ်ထွက်လိုပါက real-family-mm+unsubscribe@googlegroups.com ကို လိပ်မူ၍ စာတစ်စောင်ပို့ပါ။
● အက်တမင် မန်နေဂျာအဖွဲ့နှင့် တိုက်ရိုက် ဆက်သွယ်လိုပါလျင် မူလစာမျက်နှာမှ တဆင့် စာရေးဆက်သွယ်နိုင်ပါတယ်။
 
 
 

No comments:

Post a Comment